Cart
Filter
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
product img

More Images

No Images

FAME PAPAYA သဘော်ရွက်ဆေး
11000Ks
Hurry Up, Only 1 items left

Description

ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်း

သင်္ဘောရွက်အဆီအနှစ် ……. ၂၀၀ မီလီဂရမ်

ဆေးဖက်ဝင်အာနိသင်များ

သင်္ဘောရွက်နှင့် သွေးဥမွှားပမာဏ

သုတေသနစာတမ်းများအရ သင်္ဘောရွက်တွင် ပါဝင်သော Flavonoids နှင့် Phenols ဒြပ်ပေါင်းများသည် သွေးဥမွှားများတွင် ကောင်းကျိုးသက်ရောက်မှုများရှိကြောင်း တွေ့ရသည်။ လျော့နည်းသွားသော သွေးဥမွှားပမာဏကို အလျင်အမြန် များပြားစေခြင်းဖြင့် သွေးကြောအမြှေးပါးများခိုင်ခံ့စေပြီး သွေးကြောများပေါက်ခြင်းကို လျော့နည်းသက်သာစေသည်။ သင်္ဘောရွက်အဆီအနှစ်သည် ခန္ဓာကိုယ်အတွင်း သွေးဥမွှား ထုတ်လုပ်မှုနှင့် သက်ဆိုင်သော ALOX12 ခေါ် အင်ဇိုင်းတစ်မျိုးကို (၁၅) ဆခန့် များပြားလာစေခြင်းဖြင့် ရိုးတွင်းခြင်ဆီအတွင်း သွေးဥမွှားထုတ်လုပ်မှုကို တိုးပွားစေပါသည်။

နိုင်ငံတကာတွင် လူနာများ၌ ပြုလုပ်ထားသော သုတေသနများအရ သင်္ဘောရွက်အဆီအနှစ်သည် သွေးလွန်တုပ်ကွေးရောဂါ၊ အသည်းခြောက်ရောဂါနှင့် ဆေးဝါးများ (ကင်ဆာဆေးများ၊ ကိုယ်ခံအားခုနှိမ်ဆေးများ၊ သွေးကျဲဆေးများ) ကြောင့် သွေးဥမွှားနည်းပါးခြင်းတို့ကို သက်သာစေသည့်အပြင် မွေးကင်းစကလေးများတွင် သွေးဥမွှားနည်းပါးခြင်းကိုပါ သက်သာစေကြောင်း တွေ့ရပါသည်။ ထို့ကြောင့် သွေးဥမွှားနည်းပါးခြင်းကြောင့်ဖြစ်သော ခန္ဓာကိုယ်သွေးယိုစီးမှု လက္ခဏာများဖြစ်သည့် နှာခေါင်းသွေးလျှံခြင်း၊ သွားဖုံးသွေးယိုခြင်းနှင့် အရေပြားတွင် အနီစက်၊ အနီကွက် ထွက်ခြင်းတို့ကို သက်သာအောင် ကူညီပေးနိုင်သည်။

သင်္ဘောရွက်နှင့် အဖုအကျိတ်ဖြစ်ပွားခြင်း

သုတေသနပြုလုပ်ဆောင်ရွက်ချက်များအရ သင်္ဘောရွက်အဆီအနှစ်သည် လူခန္ဓာကိုယ်၏ ခုခံအားစနစ်ကို အထောက်အကူပြုခြင်းဖြင့် အဖုအကျိတ်ဖြစ်ပွားခြင်းနှင့် အမျိုးမျိုးသော ဓာတ်မတည့်သည့်ရောဂါများ ကာကွယ်ကုသရာတွင် အသုံးဝင်ကြောင်း သိရပါသည်။ ထို့အပြင် သင်္ဘောရွက်အဆီအနှစ်တွင် အဖုအကျိတ်ဖြစ်စေနိုင်သော ဆဲလ်ပွားခြင်းကို ဟန့်တားနိုင်သည့် စွမ်းရည်ရှိကြောင်းလည်း သုတေသနစာတမ်းများစွာက ဖော်ပြနေပါသည်။

ရရှိနိုင်သော အကျိုးကျေးဇူးများ

◆ သွေးဥမွှားပမာဏ များလာစေရန် ကူညီဆောင်ရွက်ပေးခြင်း

◆ အဖုအကျိတ်ဖြစ်ပွားခြင်းကို ကာကွယ်၊ ကုသရာတွင် အထောက်အကူပြုခြင်း

သုံးစွဲရန်ဆေးပမာဏ

၂ နှစ် မှ ၆ နှစ် အထိ – တစ်ခါသောက် ဆေးတောင့် တစ်တောင့် တစ်နေ့ တစ်ကြိမ် အစာစားပြီး သောက်ပါ။

၆ နှစ် မှ ၁၂ နှစ် အထိ – တစ်ခါသောက် ဆေးတောင့် တစ်တောင့် တစ်နေ့ နှစ်ကြိမ် အစာစားပြီး သောက်ပါ။

၁၂ နှစ် နှင့် အထက် – တစ်ခါသောက် ဆေးတောင့် တစ်တောင့် တစ်နေ့ သုံးကြိမ် အစာစားပြီး သောက်ပါ။

၂ နှစ်အောက် ကလေးများ – ကျွမ်းကျင်သော သမားတော်နှင့် ပြပြီးမှ အသုံးပြုပါ။

အသုံးမပြုသင့်သော အခြေအနေများ

◆ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ

◆ Aspirin, clopidogrel ကဲ့သို့သော သွေးကျဲဆေး သောက်သုံးနေသူများ

ထုပ်ပိုးပုံ

ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆၀) ပါဝင်ပါသည်။

Copyright © 2024 Ying Family Online Store. All Rights Reserved.