Cart
Filter
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
product img

More Images

No Images

FAME ARTHROTEC အဆစ်အားဖြည့်ဆေး 60'S
30000Ks
Hurry Up, Only 2 items left

Description

ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်းများ

ငါးအရိုးနုမှရသော ဂလူကိုစမင်းနှင့် ခွန်ဒရိုင်တင် ……… ၄၀၀ မီလီဂရမ်

(ထုတ်လုပ်မှုနည်းပညာအသစ်ဖြင့် ပိုမိုကောင်းမွန်အောင် မွမ်းမံဖော်စပ်ထားပါသည်။)

ငါးအရိုးနုတွင် collagen နှင့် hyaluronic acid များလည်း ရောနှောပါဝင်သဖြင့် အရိုးအဆစ်အတွက် များစွာ အထောက်အကူပြုသည်။

ရရှိနိုင်သောအကျိုးကျေးဇူးများ

◆ အဆစ်အမျက်ရောင်ရောဂါကို ကာကွယ်ရန်နှင့် ကုသရန်

◆ အရိုးအဆစ်များ သန်မာကြံ့ခိုင်စေရန်

သန်မာသောအရိုးများ၏ သုံးပုံတစ်ပုံခန့်ကို collagen ဖြင့် ဖွဲ့စည်းထားပြီး အရိုးနု၏ ၆၀% တွင် collagen type II ပါဝင်ပါသည်။ Collagen ပမာဏလုံလောက်နေပါက အရိုးအဆစ် တည်ဆောက်ရာတွင် လိုအပ်သော proteoglycans ထုတ်လုပ်မှုကို တိုးပွားစေသဖြင့် အရိုးများခိုင်ခံ့စေနိုင်သည်။ ငါးအရိုးနုမှရသော Hydrolysed collagen သည် calcium စုပ်ယူမှုကိုလည်း ပိုမိုတိုးမြှင့်ပေးသည်။

Hyaluronic acid သည် အရိုးနုအတွက် မရှိမဖြစ်အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အဆစ်၏ လှုပ်ရှားနိုင်မှုကိုလည်း ပိုမို ချောမွေ့စေသည်။

Glucosamine သည် အရိုးအဆစ်များ တည်ဆောက်နိုင်ရန် လိုအပ်သော ဒြပ်ပေါင်းတစ်မျိုးဖြစ်သည်။ အရိုးနုတည်ဆောက်နိုင်သော ကလာပ်စည်းများ ဖြစ်ပေါ်စေရန် လှုံ့ဆော်ပေးသည်။ ဂလူကိုစမင်းကို သောက်သုံးလိုက်သောအခါ အူမှစုပ်ယူပြီး တွယ်ဆက်တစ်သျှူးများဆီသို့ ပို့ဆောင်ပေးနိုင်ခြင်းဖြင့် အရိုးနုများ ပြန်လည်တည်ဆောက်ရာတွင် ကူညီပေးပြီး အဆစ် လှုပ်ရှားနိုင်မှု စွမ်းရည်ကို ပိုမိုကောင်းမွန်လာ စေသည့်အတွက် အဆစ်အမျက် ရောင်ရောဂါကို သက်သာစေသည်။

Chondroitin သည် အရိုးအဆစ်များကြားရှိ အရိုးနုများ ဖြစ်တည်မှုတွင် အခြေခံလိုအပ်ချက်ဖြစ်သော proteoglycans ကို ဖြည့်တင်းပေးနိုင်သည်။ ထို့ပြင် အရိုးနုနှင့် အဆစ်ကြားရှိချောဆီ synovial fluid တွင် အဓိကပါဝင်သော hyaluronic acid ပမာဏကို တိုးစေသဖြင့် အလုပ်ဒဏ်နှင့် အသက်အရွယ်ကြောင့် ခန်းခြောက်လာသောချောဆီကို များပြားစေ၍ အကွေးအဆန့် လှုပ်ရှားမှုကို ပိုမိုကောင်းမွန် ချောမွေ့စေပြီး နာကျင်မှုကို သက်သာစေသည်။

သုံးစွဲရန်ဆေးပမာဏ

အသက် ၅ နှစ် မှ ၁၂ နှစ် – တစ်ခါသောက် ဆေးတစ်တောင့်၊ တစ်နေ့ တစ်ကြိမ်၊

အသက် ၁၃ နှစ် မှ ၁၈ နှစ် – တစ်ခါသောက် ဆေးတစ်တောင့် တစ်နေ့ နှစ်ကြိမ်၊

လူကြီး – တစ်ခါသောက် ဆေးတစ်တောင့် တစ်နေ့ သုံးကြိမ် သောက်နိုင်ပါသည်။

ဘေးထွက်ဆိုးကျိုး

ပင်လယ်စာများနှင့် မတည့်သောသူများတွင် ဓာတ်မတည့်ခြင်း ဖြစ်နိုင်သည်မှလွဲ၍ ကြီးမားသော ဘေးထွက်ဆိုးကျိုးမရှိပါ။

သတိပြုရန်

ပင်လယ်စာများနှင့် မတည့်သောသူများ မသောက်သုံးရပါ။ ဆေးစတင်သောက်ပြီး ဆေးမတည့်သည့် လက္ခဏာများ ပေါ်ပေါက်လာပါက

ဆေးကိုဆက်မသောက်ဘဲ ရပ်ထားရန်။

အသုံးမပြုသင့်သောအခြေအနေများ

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတွင် အသုံးမပြုသင့်ပါ။

ထုပ်ပိုးပုံ

ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆၀) ပါဝင်ပါသည်။

Copyright © 2024 Ying Family Online Store. All Rights Reserved.