Cart
Filter
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
product img

More Images

No Images

FAME BIOCRUSH တပင်တိုင်မြနန်းဆေး 60'S
12000Ks
Hurry Up, Only 3 items left

Description

ဆေးပြားတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်း

တပင်တိုင်မြနန်းအမြစ်ဥ အဆီအနှစ် …………… ၂၅၀ မီလီဂရမ်

တပင်တိုင်မြနန်းသည် ရှမ်းပြည်နယ်တွင် အများအပြား ပေါက်ရောက်လေ့ရှိပါသည်။ နွယ်ပင်မျိုးဖြစ်ပြီး ပင်စည်သေးသွယ်၍ ထောင့်လေးဘက်ရှိသည်။ အရွက်မှာ ရွက်လွှဲတစ်ဆင့်စီ ထွက်တတ်သည်။ ပန်းပွင့်လေးများသည် အလွန်သေးငယ်သော အဆုပ်ခိုင်လေးများဖြစ်ပြီး အဝါနုရောင်လေးများ ဖြစ်ကြသည်။ အသီးမှာအဆုပ်လိုက် ဝိုင်းသော နီညိုရောင် အသီးစုလေးများ ဖြစ်ပြီး မှည့်လာသောအခါ အနက်ရောင်သို့ ပြောင်းသွားပါသည်။

ဆေးဖက်ဝင်အာနိသင်

ဆေးဖက်ဝင် အစိတ်အပိုင်းမှာ အမြစ်ဥဖြစ်ပြီး ယင်း၏ အဆီအနှစ်သည် မြစ်ပွားနာများ ကုသရာတွင် များစွာ အထောက်အကူပြုပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင်

တပင်တိုင်မြနန်းဆေးကို အမျိုးသမီးများ၌ ဖြစ်ပေါ်တတ်သော မြစ်ပွားနာရောဂါများတွင် အသုံးပြုလျက်ရှိပါသည်။

တပင်တိုင်မြနန်းဆေးပင်တွင် glycosides, flavonoids, 3 keto steroids, bergenin, vitisonol B,vitisonol C, vitisonol D, vitisin A, vitisin B, isolariciresinol, 4-O-methyl gallate, protocatechuic acid, gallic acid, pallidol, onocer-7-en-3α, 21β-diol (I) and onecer 7-en- 3α, 21α-diol (II) ဒြပ်ပေါင်းများ ပါဝင်သည့်အတွက် ဇီဝအာနိသင် အစွမ်းထက်မြက်ပါသည်။ စမ်းသပ်လေ့လာတွေ့ရှိချက် များအရ အဆိုပါဒြပ်ပေါင်းများသည် အမျိုးသမီးများ မျိုးပွားလမ်းကြောင်းဆိုင်ရာ မြစ်ပွားနာရောဂါများကို ဖြစ်စေသော ကလာပ်စည်းများ ပွားများမှုကို ထိရောက်စွာ ဟန့်တားပေးနိုင်ကြောင်း တွေ့ရှိရပါသည်။

သုံးစွဲနိုင်သောရောဂါများ

မြစ်ပွားနာအမျိုးမျိုး ကုသရာ၌ အသုံးပြုနိုင်ပါသည်။ အထူးသဖြင့် အမျိုးသမီးများ မျိုးပွားလမ်းကြောင်းတွင် ဖြစ်ပေါ်တတ်သော

မြစ်ပွားနာရောဂါများ၌ အသုံးပြုနိုင်ပါသည်။

သုံးစွဲရန်ဆေးပမာဏ

လူကြီး – တစ်ခါသောက် ဆေးပြားတောင့် တစ်တောင့်မှ နှစ်တောင့်၊ တစ်နေ့ နှစ်ကြိမ် သောက်ပါ။

ဘေးထွက်ဆိုးကျိုး

လူနာအချို့တွင် အရေပြားအနည်းငယ် ယားယံခြင်း ဖြစ်နိုင်ပါသည်။ ထိုသို့ဖြစ်ပါက ယားယံမှုကို သက်သာစေသည့် ဆေးများနှင့် တွဲ၍ အသုံးပြုနိုင်ပါသည်။

အသုံးမပြုသင့်သော အခြေအနေများ

(၂) နှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတွင် မသုံးရပါ။ သွေးကျဲစေသည့် ဆေးများနှင့်လည်း တွဲ၍ အသုံးမပြုသင့်ပါ။

ထုပ်ပိုးပုံ

ဆေးတစ်ဘူးလျှင် ဆေးပြားတောင့် (၆၀) ပါဝင်ပါသည်။

Copyright © 2024 Ying Family Online Store. All Rights Reserved.