Cart
Filter
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
product img

More Images

No Images

FAME BLUEBERRY ဘလူးဘယ်ရီဆေး 60'S
17000Ks
Hurry Up, Only 2 items left

Description

ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်း

Proanthocyanidin ပါဝင်သော ဘလူးဘယ်ရီ အဆီအနှစ် ……… ၁၀၀ မီလီဂရမ်

ဆေးဖက်ဝင်အာနိသင်များ

Hepatitis C virus ကြောင့်ဖြစ်သော နာတာရှည် အသည်းရောင်ရောဂါအပေါ်တွင် အကျိုးသက်ရောက်မှု

ဘလူးဘယ်ရီအရွက်တွင်ရှိသော Proanthocyanidin (PAC) ဒြပ်ပေါင်းသည် အသည်းရောင်အသားဝါစီပိုး ပွားများခြင်းအား ထိရောက်စွာ တားဆီးပေးနိုင်သည်။ အသည်းရောင်အသားဝါစီပိုးသည် အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာတို့ကို ဖြစ်စေသည်။ PAC သည် အသည်းရောင်အသားဝါစီပိုးကို သတ်ရာတွင် HCV စီပိုး RNA ဗီဇပွားများခြင်းကို အဓိကအားဖြင့် ဟန့်တားပေးသည်။ ထို့ပြင် အသည်းရောင်ခြင်းကြောင့် မြင့်တက်နေသော အသည်းအင်ဇိုင်းများကို လျှော့ချပေးခြင်းဖြင့် အသည်းရောင်ခြင်းနှင့် နောက်ဆက်တွဲရောဂါများကို လျော့နည်းစေသည်။

ရောင်ရမ်းခြင်းများတွင် အကျိုးသက်ရောက်မှု

ဘလူးဘယ်ရီတွင် ပါဝင်သော ဒြပ်ပေါင်းများသည် 8-isoprostanes မော်လီကျုးကို လျှော့ချပေးနိုင်သဖြင့် ရောင်ရမ်းခြင်းဖြစ်စဉ်တွင် ပါဝင်သော ပရိုတင်း MCP-1 ကို နည်းစေသောကြောင့် ရောင်ရမ်းနာကျင်ခြင်းကို သက်သာစေသည်။ ရောင်ရမ်းခြင်း မဖြစ်ပေါ်မီ အခြေအနေတွင် ထိန်းချုပ်ပေးနိုင်သော NF-kB ဖြစ်စဉ်တွင် DNA ဗီဇအသွင်ပြောင်းခြင်းကိုလည်း လျှော့ချပေးသည်။ ထို့ပြင် ကင်ဆာရောဂါနှင့် ဆက်နွယ်နေသော ရောင်ရမ်းခြင်းများကို ဖြစ်စေသည့် ပရိုတင်းများကို လျှော့ချပေးခြင်းဖြင့်လည်း ကင်ဆာဆဲလ် ပွားများမှုကို ဟန့်တားပေးနိုင်သည်။

သုံးစွဲနိုင်သောရောဂါများ

◆ နာတာရှည် အသည်းရောင်ရောဂါ

◆ ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်း

သုံးစွဲရန်ဆေးပမာဏ

၁၂ နှစ် အောက် – တစ်နေ့လျှင် ဆေးတစ်တောင့် အစာစားပြီး သောက်ပါ။

၁၂ နှစ် နှင့် အထက် – တစ်ခါသောက် ဆေးတစ်တောင့်မှ နှစ်တောင့်၊ တစ်နေ့ နှစ်ကြိမ် အစာစားပြီး သောက်ပါ။

ဘေးထွက်ဆိုးကျိုး

သတ်မှတ်ထားသော ပမာဏအတိုင်း သောက်သုံးပါက ကြီးမားသော ဘေးထွက်ဆိုးကျိုးမရှိပါ။

သတိပြုရန်

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ကျွမ်းကျင်သော သမားတော်နှင့် ပြပြီးမှ အသုံးပြုပါ။

ထုပ်ပိုးပုံ

ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆၀) ပါဝင်ပါသည်။

Copyright © 2024 Ying Family Online Store. All Rights Reserved.