Cart
Filter
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
product img

More Images

No Images

FAME DIABEHERB ဆီးချိုကျဆေး 60'S
11000Ks
Hurry Up, Only 4 items left

Description

ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်း

ကြက်ဟင်းခါးသီး ……….. ၄၀၀ မီလီဂရမ်

(ကြက်ဟင်းခါးသီးအမှုန့် ၅၀% + အဆီအနှစ် ၅၀%)

ဆီးချိုကျဆေး ကို ကြက်ဟင်းခါးသီး အသားမှုန့်နှင့်သာ ပြုလုပ်ထားပြီး အစေ့များ လုံးဝ ပါဝင်ခြင်းမရှိပါ။ ထို့ကြောင့် ဆီးချိုကျဆေးသည် သွေးဖိအားပေါ်တွင် အကျိုးသက်ရောက်မှု မရှိသောကြောင့် သွေးတိုးရောဂါ ဝေဒနာရှင်များအနေနှင့်လည်း ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်ပါသည်။

ဆေးဖက်ဝင်အာနိသင်များ

ကြက်ဟင်းခါးသီးတွင် ပါဝင်သော Charantin, Polypeptide-p နှင့် alkaloids ဒြပ်ပေါင်းများသည် သွေးတွင်းရှိ မြင့်တက်နေသော သကြားဓာတ်ကို လျော့နည်းစေသည်။ Polypeptide-p သည် အင်ဆူလင်ကဲ့သို့ အာနိသင်ရှိသော ဆီးချိုကျစေသည့် ပရိုတင်းတစ်မျိုး ဖြစ်ပါသည်။ Streptozotocin ဖြင့် ဆီးချိုဖြစ်အောင် ပြုလုပ်ထားသော ကြွက်များတွင် လေ့လာစမ်းသပ်ချက်များအရ ကြက်ဟင်းခါးသီး တိုက်ကျွေးပြီးနောက် အင်ဆူလင်ထုတ်ပေးသော beta-cell များ ပြန်လည်ကောင်းမွန်လာကြောင်း တွေ့ရသည်။ ထို့အပြင် သကြားဓာတ်၏ ဇီဝဖြစ်ပျက်ခြင်းဖြစ်စဉ်ကို အားပေးခြင်း၊ အူလမ်းကြောင်းတစ်လျှောက်မှ သကြားဓာတ်စုပ်ယူမှုကို ဟန့်တားပေးခြင်းနှင့် ခန္ဓာကိုယ်ရှိ ကြွက်သားများနှင့် တစ်သျှူးများမှ သကြားဓာတ်ကို ရယူသုံးစွဲနိုင်အောင်လည်း ကူညီပေးနိုင်ခြင်းစသည့် အာနိသင်များကိုလည်း ပေးစွမ်းနိုင်ပါသည်။

သုံးစွဲနိုင်သောရောဂါ

ဆီးချိုရောဂါ

သုံးစွဲရန်ဆေးပမာဏ

လူကြီး – တစ်ခါသောက် ဆေးတစ်တောင့်မှ နှစ်တောင့်၊ တစ်နေ့ သုံးကြိမ် အစာမစားမီ နာရီဝက်ခန့် ကြိုတင်၍ သောက်ပါ။

ဘေးထွက်ဆိုးကျိုးများ

ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ ဝမ်းသွားခြင်းတို့ ဖြစ်တတ်ပါသည်။

အသုံးမပြုသင့်သော အခြေအနေများ

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ ၁၂ နှစ် အောက် ကလေးငယ်များနှင့် G6PD အင်ဇိုင်းချို့တဲ့သူများ မသောက်ရပါ။

အခြားသောဆေးများနှင့် တွဲဖက်သုံးစွဲမှု

ကြက်ဟင်းခါးသီးပါဝင်သောဆေး (ဆီးချိုကျဆေး) ကို အနောက်တိုင်း ဆီးချိုကျဆေးတောင့်များ၊ အင်ဆူလင် ထိုးဆေးများနှင့် တွဲဖက်၍သုံးစွဲနိုင်ပါသည်။

ထုပ်ပိုးပုံ

ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆၀) ပါဝင်ပါသည်။

Copyright © 2024 Ying Family Online Store. All Rights Reserved.