Cart
Filter
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
product img

More Images

No Images

FAME HERBALSLEEP သဘာဝအိပ်ဆေး 60'S
13000Ks
In Stock

Description

ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်းများ

ကန့်ပလူဥအဆီအနှစ် ……………. ၁၅၀ မီလီဂရမ်

ကုန်းထိကရုန်းအဆီအနှစ် …….. ၁၀၀ မီလီဂရမ်

ဒဟတ်သကိုင်းအဆီအနှစ် ………. ၅၀ မီလီဂရမ်

ဆေးဖက်ဝင် အာနိသင်များ

ကန့်ပလူဥ

ကန့်ပလူဥကို အနောက်ဥရောပတွင် အိပ်ဆေးအဖြစ် အသုံးပြုခဲ့ကြသည်မှာ ဟစ်ပိုကရေးတီးခေတ်ကာလ ကတည်းကပင်ဖြစ်သည်။ ကန့်ပလူဥတွင် ဆေးဖက်ဝင် အာနိသင်ရှိသော valerenic acid နှင့် valepotriates ဒြပ်ပေါင်းများ ပါဝင်သည်။ ထိုဒြပ်ပေါင်းများသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေရန်အတွက် များစွာ အထောက်အကူပြုပါသည်။

ကုန်းထိကရုန်း

လေ့လာတွေ့ရှိချက်များအရ ကုန်းထိကရုန်း အဆီအနှစ်သည် စိတ်ရောကိုယ်ပါ အနားယူမှုကို လှုံ့ဆော်ပေး၍ ကောင်းစွာအိပ်စက်ခြင်းကို ဖြစ်စေသည်။ ထို့ပြင် စိတ်လှုပ်ရှားလွယ်သူများ၊ မကြာခဏနှင့် အစောကြီးနိုး၍ အိပ်ရေးမဝနေသူများတွင် ပုံမှန်နှစ်ခြိုက်စွာ အိပ်ပျော်စေပါသည်။

ဒဟတ်သကိုင်း

အိန္ဒိယနိုင်ငံတွင် ဒဟတ်သကိုင်းကို စိတ်ငြိမ်စေရန်နှင့် ညအိပ်ပျော်ရန် ခက်ခဲသောသူများအတွက် ဆေးဝါးအနေဖြင့် တွင်ကျယ်စွာ အသုံးပြုခဲ့ကြသည်။ ယင်းတွင်ပါဝင်သော somniferin ဟုခေါ်သည့် alkaloid ဒြပ်ပေါင်းသည် အာရုံကြောများ ပင်ပန်းနွမ်းနယ်ခြင်းကို ပြေလျော့ပေးပြီး အိပ်ချင်စိတ် ဖြစ်စေရန် လှုံ့ဆော်ပေးသည်။

သုံးစွဲနိုင်သောရောဂါများ

◆ အိပ်မပျော်ခြင်း

◆ စိတ်ဖိစီးမှုများခြင်း

◆ အာရုံကြောပင်ပန်းနွမ်းနယ်ခြင်း

သုံးစွဲရန်ဆေးပမာဏ

လူကြီး – အိပ်ပျော်စေရန်အတွက် တစ်ခါသောက် ဆေးတစ်တောင့်မှ နှစ်တောင့်၊ ညအိပ်ရာမဝင်မီ တစ်နာရီ ကြိုတင်၍သောက်ပါ။ ညစဉ် ပုံမှန်သောက်ပါက အိပ်ချိန်မှန်စေပါသည်။

ဘေးထွက်ဆိုးကျိုးများ

တစ်ခါတစ်ရံ ခေါင်းအနည်းငယ်ကိုက်ခြင်းနှင့် ဝမ်းဗိုက်မအီမသာဖြစ်ခြင်းတို့ ဖြစ်နိုင်ပါသည်။

သတိပြုရန်

အိပ်ဆေးသောက်သုံးပြီးနောက် ကားမောင်းနှင်ခြင်း (သို့) စက်ပစ္စည်းကိရိယာများ မောင်းနှင်လည်ပတ်သောအခါ အထူးဂရုပြုသင့်သည်။ အရက်သေစာ သောက်သုံးပါက ဦးနှောက်နှင့် အာရုံကြော လေးလံထိုင်းမှိုင်းခြင်းကို ပိုမိုဖြစ်စေနိုင်သည်။

အသုံးမပြုသင့်သော အခြေအနေများ

၁၂ နှစ်အောက် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ အသည်းခြောက်ရောဂါရှိသူများ၊ ပါဝင်ပစ္စည်းများနှင့် ဓာတ်မတည့်သူများ မသောက်သုံးရပါ။

အခြားသောဆေးများနှင့် တွဲဖက်သုံးစွဲမှု

တောင်ရေချမ်းယား (စိတ်မြှင့်ဆေး) ကို နံနက်ပိုင်းတွင် သောက်ပါက အစွမ်းအာနိသင် ပိုမိုထက်မြက်စေပါသည်။ ကောင်းမွန်စွာ အိပ်ပျော်ခြင်းကို အထောက်အကူပြုရန်

(ဆယ်ပင်အားဆေး) နှင့်လည်း တွဲဖက်သောက်သုံးနိုင်ပါသည်။

ထုပ်ပိုးပုံ

ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆၀) ပါဝင်ပါသည်။

Copyright © 2024 Ying Family Online Store. All Rights Reserved.