Cart
Filter
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
product img

More Images

No Images

FAME HONOKIOL တောင်စကားဖြူဆေး
23000Ks
Hurry Up, Only 2 items left

Description

ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်း

Honokiol ဒြပ်ပေါင်း ပါဝင်သော တောင်စကားဖြူအခေါက် အဆီအနှစ် ………… ၁၀၀ မီလီဂရမ်

ဆေးဖက်ဝင်ဒြပ်ပေါင်း

တောင်စကားဖြူအခေါက် အဆီအနှစ်တွင် ပါဝင်သော ဆေးဖက်ဝင်ဒြပ်ပေါင်းမှာ Honokiol ဖြစ်သည်။ ထိုဒြပ်ပေါင်းသည် neoligninbiphenol အုပ်စုဝင်ဖြစ်ပြီး အဆီတွင် ပျော်ဝင်သည်။

ဆေးဖက်ဝင်အာနိသင်များ

Honokiol သည် သွေးထဲမှတစ်ဆင့် ဦးနှောက်အတွင်းရှိ brain barrier ကို ဖြတ်နိုင်ပြီး ဆေးအာနိသင် ရရှိနိုင်မှုစွမ်းရည် မြင့်မားသည်။

အာရုံကြောလုပ်ငန်းစဉ်အပေါ်တွင် အကျိုးသက်ရောက်မှု

Honokiol သည် အာရုံကြော တစ်သျှူးများ၏ ဖွံ့ဖြိုးမှုကို မြန်ဆန်စေသည့်အတွက် ဦးနှောက်နှင့် အာရုံကြော လုပ်ငန်းစဉ်များကို ပိုမိုကောင်းမွန်စေသည်။ လေ့လာတွေ့ရှိချက်အရ စိတ်ပင်ပန်း နွမ်းနယ်သူများတွင် စိတ်ဖိစီးမှုကို လျော့ချပေးနိုင်သည်။ Honokiol ဒြပ်ပေါင်းသည် အိပ်ပျော်ခြင်းနှင့်ဆိုင်သော အာရုံကြောများကို နှိုးဆွပေးပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေသည်။

မြစ်ပွားနာရောဂါအပေါ်တွင် အကျိုးသက်ရောက်မှု

သုတေသန စမ်းသပ်ချက်များအရ Honokiol ဒြပ်ပေါင်းသည် မှဲ့မြစ်ပွားနာ၊ အရိုးနှင့် တွယ်ဆက်တစ်သျှူး မြစ်ပွားနာ၊ သွေးမြစ်ပွားနာ၊ ဆီးကျိတ်မြစ်ပွားနာ၊ ဆီးအိတ်မြစ်ပွားနာ၊ အဆုတ်မြစ်ပွားနာ၊ ပါးစောင် မြစ်ပွားနာနှင့် အူမကြီးမြစ်ပွားနာရောဂါတို့တွင် မြစ်ပွားနာဆဲလ်ပွားနှုန်းကို ရပ်တန့်ပေးနိုင်ကြောင်း တွေ့ရသည်။

ရရှိနိုင်သောအကျိုးကျေးဇူးများ

◆ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း

◆ မြစ်ပွားနာရောဂါ ကုသရာတွင် အထောက်အကူပြုခြင်း

သုံးစွဲရန်ဆေးပမာဏ

လူကြီး – တစ်ခါသောက် ဆေးတောင့် တစ်တောင့်မှ နှစ်တောင့်၊ တစ်နေ့ နှစ်ကြိမ် အစာစားပြီး သောက်ပါ။

ဘေးထွက်ဆိုးကျိုးများ

အချို့သောသူများတွင် ရင်ပူခြင်း၊ လက်တုန်ခြင်း၊ နှုတ်ခမ်း တစ်ဝိုက်ထုံခြင်းတို့ ဖြစ်တတ်ပါသည်။

အသုံးမပြုသင့်သောအခြေအနေများ

ကျောက်ကပ်ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ မသောက်သုံးသင့်ပါ။

အခြားသောဆေးများနှင့် ဓာတ်ပြုမှု

အကိုက်အခဲပျောက်ဆေး၊ အိပ်ဆေး၊ သွေးကျဲဆေး၊ စတီးရိုဒ်တို့နှင့် တွဲဖက်သုံးစွဲပါက ဆေးတုန့်ပြန်မှု ရှိပါသည်။ ကြွက်သားများ၏ တင်းအားလျော့စေသော ဆေးနှင့် တွဲဖက်သုံးစွဲပါက အိပ်ငိုက်ခြင်းနှင့် မူးဝေခြင်းတို့ကို ဖြစ်စေပါသည်။

ထုပ်ပိုးပုံ

ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆၀) ပါဝင်ပါသည်။

Related Products

Copyright © 2024 Ying Family Online Store. All Rights Reserved.