Cart
Filter
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
product img

More Images

No Images

FAME JAVAHERB သိကြားမကိုဋ်ဆေး
10000Ks
In Stock

Description

ဆေးပြားတစ်ပြားတွင် ပါဝင်သောဆေးပစ္စည်း

သိကြားမကိုဋ်ရွက် အဆီအနှစ် ………. ၂၅၀ မီလီဂရမ်

ပါဝင်သောဒြပ်ပေါင်းများ

သွေးတွင်းရှိ သကြားဓာတ်ကို ကျစေနိုင်သည့် diterpene အုပ်စုနှစ်မျိုး၊ glucoside တစ်မျိုးဖြစ်သည့် orthosiphonin နှင့် အခြားသော ဆေးဘက်ဝင်ဒြပ်ပေါင်းများဖြစ်သည့် saponins, alkaloids, tannin, essential oil, flavonoids (အဓိက sinensetin) တို့ ပါဝင်ပါသည်။

ဆေးဖက်ဝင်အာနိသင်များ

ဓါတ်ခွဲခန်းအတွင်းစမ်းသပ်ချက်များ

၁။ ဆီးချိုကျစေခြင်း

သိကြားမကိုဋ် အဆီအနှစ် (၁ ဂရမ်/ကီလို ကိုယ်အလေးချိန်) ကို ကြွက်ဖြူများတွင် တိုက်ကျွေးကြည့်ရာ သွေးတွင်းဂလူးကို့စ် သိသိသာသာ ကျဆင်းသွားကြောင်း တွေ့ရှိခဲ့ကြပါသည်။

၂။ ဆီးသွားစေခြင်း

သိကြားမကိုဋ် အဆီအနှစ်ကိုထုတ်၍ အဆာငတ်ခံထားသော ကြွက်ဖြူကလေးများကို တိုက်ကျွေးရာ သုံးနာရီကြာပြီးနောက် ဆီးများများသွားသည်ကို တွေ့ရှိခဲ့ကြပါသည်။

၃။ သွေးတိုးကျစေခြင်း

Methylripariochromene A (၁၀၀ မီလီဂရမ်/ကီလို ကိုယ်အလေးချိန်) ကို ကြွက်ဖြူများတွင် တိုက်ကျွေးကြည့်ရာ အပေါ်သွေးဖိအားနှင့် နှလုံးခုန်နှုန်းများ ကျဆင်းလျော့နည်းကြောင်း တွေ့ရှိခဲ့ကြပါသည်။

သုံးစွဲနိုင်သောရောဂါ

Type II ဆီးချိုသွေးချိုရောဂါတွင် အသုံးပြုနိုင်ပါသည်။

သုံးစွဲရန်ဆေးပမာဏ

လူကြီး – တစ်ခါသောက် ဆေးပြားတစ်ပြားမှ နှစ်ပြား၊ တစ်နေ့ နှစ်ကြိမ် အစာမစားမီ နာရီဝက် ကြိုတင်၍သောက်ပါ။

ဘေးထွက်ဆိုးကျိုး

သတ်မှတ်ထားသော ပမာဏအတိုင်း သောက်သုံးပါက ကြီးမားသော ဘေးထွက်ဆိုးကျိုးမရှိပါ။

အသုံးမပြုသင့်သော အခြေအနေများ

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ သောက်သုံးရန် မသင့်ပါ။

ထုပ်ပိုးပုံ

ဆေးတစ်ဘူးလျှင် ဆေးပြား (၆၀) ပါဝင်ပါသည်။

Copyright © 2024 Ying Family Online Store. All Rights Reserved.