Cart
Filter
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
product img

More Images

No Images

FAME LUTEOLIN စမုန်ဖြူဆေး 60'S
25000Ks
Hurry Up, Only 1 items left

Description

ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်း

Luteolin ဒြပ်ပေါင်းပါဝင်သော စမုန်ဖြူ အဆီအနှစ် ……….. ၁၀၀ မီလီဂရမ်

ဆေးဖက်ဝင်အာနိသင်များ

အဖုအကျိတ်များပေါ်တွင် အကျိုးသက်ရောက်မှု

Luteolin သည် အသည်းရှိ အဖုအကျိတ်များကို ဟန့်တားနိုင်ကြောင်း ထိုင်ဝမ်နိုင်ငံရှိ Kaohsiung Medical University မှ သိပ္ပံပညာရှင်များက စမ်းသပ်တွေ့ရှိခဲ့သည်။ Luteolin သည် ပုံမှန်ဆဲလ်ပွားနှုန်းကိုသာအားပေးပြီး အဖုအကျိတ်ဆဲလ်ပွားနှုန်းကို ရပ်တန့်စေခြင်းဖြင့် အသည်း၌ အဖုအကျိတ်ဖြစ်ပွားခြင်းကို သက်သာစေသည်။

အချိုဓာတ်စုပ်ယူမှုကို လျော့ချပေးခြင်း

အစာခြေအင်ဇိုင်းများဖြစ်သော alpha-glucosidase နှင့် alpha-amylase တို့၏ လုပ်ဆောင်ချက်ကို ဟန့်တားပေးခြင်းဖြင့် အချို့သော သွေးချို၊ ဆီးချိုလူနာများတွင် အစာစားပြီးနောက် သွေးတွင်းသကြားဓာတ် မြင့်တက်လာမှုကို လျော့နည်းစေသည်။ ထို့အပြင် Luteolin သည် ပန်ကရိယနှင့် သွေးတွင်းအင်ဆူလင်ထွက်ရှိမှုကို တိုးစေခြင်းအားဖြင့်လည်း သွေးတွင်းသကြားဓာတ်ပမာဏကို လျော့ချပေးနိုင်ပါသည်။

ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးခြင်း

သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်များအရ Luteolin သည် အဆီတစ်သျှူးရှိ PPAR-gamma protein ၏ လုပ်ဆောင်ချက်များကို အားပေးသောကြောင့် အဆီဓါတ်တွင် ပါဝင်သော အက်ဆစ်ပမာဏကို ထိန်းညှိပေးခြင်းဖြင့် အသည်းအဆီဖုံးခြင်းကို လျှော့ချပေးနိုင်သည်။ Flavonoid အုပ်စုဝင် Luteolin ပါဝင်သော အစားအသောက်များကို ပိုမိုစားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်ကြောင်းလည်း သိရှိရပါသည်။

ရရှိနိုင်သော အကျိုးကျေးဇူးများ

◆ အသည်းအဖုအကျိတ်ဖြစ်ပွားမှု ကုသရာတွင် အထောက်အကူပြုခြင်း

◆ အချိုဓာတ်စုပ်ယူမှုကို လျော့ချပေးခြင်း

◆ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးခြင်း

သုံးစွဲရန်ဆေးပမာဏ

လူကြီး – တစ်ခါသောက် ဆေးတောင့် တစ်တောင့်၊ တစ်နေ့ နှစ်ကြိမ် သောက်ပါ။

ဘေးထွက်ဆိုးကျိုး

သတ်မှတ်ထားသော ပမာဏအတိုင်း သောက်သုံးပါက ကြီးမားသော ဘေးထွက်ဆိုးကျိုးမရှိပါ။

ထုပ်ပိုးပုံ

ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆၀) ပါဝင်ပါသည်။

Copyright © 2024 Ying Family Online Store. All Rights Reserved.