Cart
Filter
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
product img

More Images

No Images

FAME MANGOSTEEN မင်းကွတ်သီးဆေး 60'S
12000Ks
Hurry Up, Only 2 items left

Description

ဆေးပြားတစ်ပြားတွင် ပါဝင်သောဆေးပစ္စည်း

မင်းကွတ်သီး အဆီအနှစ် ……… ၂၀၀ မီလီဂရမ်

သဘာဝဆေးဖက်ဝင် ဒြပ်ပေါင်းများ

သဘာဝတွင် တွေ့ရသော ဇန်သုန်းအမျိုးအစား၂၀၀ ကျော်ရှိသည့်အနက် အမျိုးအစား ၄၀ ခန့်ကို မင်းကွတ်သီးတွင် တွေ့ရှိရပါသည်။ ယင်းတို့အနက် α-mangostin, β-mangostin, γ-mangostin, garcinone E, 8-deoxygartanin နှင့် gartanin တို့သည် အထင်ရှားဆုံး ဖြစ်သည်။ ယင်းတို့သည် အင်တီအောက်ဆီဒင့် အာနိသင်ရှိပြီး မြစ်ပွားနာရောဂါ၊ ဓာတ်မတည့်သည့်ရောဂါ၊ ရောင်ရမ်းခြင်းနှင့် ဘက်တီးရီးယားပိုးမွှား ဗိုင်းရပ်စ်များကို ဆန့်ကျင်ဟန့်တားနိုင်သော အစွမ်းထက်ဒြပ်ပေါင်းများဖြစ်သည်။

ဆေးဖက်ဝင်အာနိသင်များ

ဘက်တီးရီးယားပိုးမွှားနှင့် ဗိုင်းရပ်များကို နှိမ်နင်းနိုင်သော အစွမ်းအာနိသင်ရှိခြင်း

မင်းကွတ်သီးအခွံမှ ထုတ်ယူရရှိသော အဆီအနှစ်သည် ဘက်တီးရီးယားပိုးမွှားများစွာကို ဆန့်ကျင်နှိမ်နင်းနိုင်သည်။ Gifu Pharmaceutical University မှ သုတေသနပညာရှင်များက မင်းကွတ်သီးတွင် ပါဝင်သော ဇန်သုန်းများသည် methicillin ဖြင့် နှိမ်နင်းနိုင်သော S.aureus နှင့် methicillin ကို ခံနိုင်ရည်ရှိသော S.aureus ကို ဆန့်ကျင်နိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။ α-mangostin သည် မှိုရောဂါကို နှိမ်နင်းရာတွင်လည်း အစွမ်းအာနိသင်ရှိသည်။

ဓာတ်မတည့်ခြင်းကို သက်သာစေခြင်း

α-mangostin နှင့် γ-mangostin သည် အရေပြားယားယံခြင်းဖြစ်စေသည့် ဟစ်တမင်းနှင့် ဆီရိုတိုနင်တို့၏ဖြစ်စဉ်ကို ပိတ်ပင်တားဆီးပေးသည်။ ထို့အပြင် ဓာတ်မတည့်ခြင်းကို ဖြစ်စေသည့် Prostaglandin E2 ထုတ်လုပ်ခြင်းကိုလည်း ဟန့်တားပေးသည်။

ရောင်ရမ်းခြင်းကို သက်သာစေခြင်း

မင်းကွတ်သီးတွင် ပါဝင်သော ဒြပ်ပေါင်းများသည် ရောင်ရမ်းခြင်းကိုဖြစ်စေသည့် ဓာတ်ပစ္စည်းများ၏ အစွမ်းသတ္တိကို ဆန့်ကျင်ဟန့်တားပေးသည်။ ရောင်ရမ်းခြင်း၏ သင်္ကေတတစ်ခုဖြစ်သော သွေးထဲရှိ C-reactive protein ကို လျော့နည်းစေခြင်းဖြင့် ရောင်ရမ်းခြင်းကို သက်သာစေသည်။

မြစ်ပွားနာရောဂါကို သက်သာစေခြင်း

မင်းကွတ်သီးသည် မြစ်ပွားနာရောဂါ ကာကွယ်ခြင်းနှင့် တိုက်ဖျက်ခြင်းတွင် အသုံးဝင်သော သစ်သီးတစ်မျိုးဖြစ်သည်။ ယင်းအသီးတွင် ပါဝင်သော ဇန်သုန်းများသည် မြစ်ပွားနာဆဲလ်များ၏ ဘဝဖြစ်စဉ်ကို ရပ်တန့်စေပြီး အလိုလိုသေဆုံးခြင်းကို ဖြစ်စေသည်။ ထို့အပြင် မြစ်ပွားနာဆဲလ်များ မပွားနိုင်စေရန်၊ မကြီးထွားစေရန်နှင့် တစ်နေရာမှ တစ်နေရာသို့ ပျံ့နှံ့မှုမရှိစေရန် ဟန့်တားရာတွင်လည်း များစွာအကျိုးရှိပါသည်။

ရရှိနိုင်သော အကျိုးကျေးဇူးများ

◆ သဘာဝပဋိဇီဝဆေးအဖြစ် အသုံးပြုနိုင်ခြင်း

◆ ဓာတ်မတည့်သည့် ရောဂါလက္ခဏာများကို သက်သာစေခြင်း

◆ ရောင်ရမ်းခြင်းကို သက်သာစေခြင်း

◆ မြစ်ပွားနာရောဂါများတွင် တွဲဖက်အသုံးပြုနိုင်ခြင်း

သုံးစွဲရန်ဆေးပမာဏ

၁၂ နှစ် နှင့် အထက် – တစ်ခါသောက် ဆေးပြား တစ်ပြား၊ တစ်နေ့ နှစ်ကြိမ် အစာစားပြီး သောက်ပါ။

ဘေးထွက်ဆိုးကျိုးများ

အချို့သောသူများတွင် ဗိုက်အောင့်ခြင်း၊ ဝမ်းချုပ်ခြင်းတို့ ဖြစ်နိုင်ပါသည်။

အခြားသောဆေးများနှင့် တွဲဖက်သုံးစွဲမှု

မြစ်ပွားနာရောဂါတွင် အသုံးပြုသော ဆေးများ၏ အစွမ်းအာနိသင်ကို ပိုမိုထက်မြက်စေရန်နှင့် ယင်းတို့ကြောင့်ဖြစ်သော ဘေးထွက်ဆိုးကျိုးများကို လျော့နည်းစေရန်

မင်းကွတ်သီးဆေးနှင့် တွဲဖက်အသုံးပြုနိုင်ပါသည်။

ထုပ်ပိုးပုံ

ဆေးတစ်ဘူးလျှင် ဆေးပြား (၆၀) ပါဝင်ပါသည်။

Copyright © 2024 Ying Family Online Store. All Rights Reserved.