Cart
Filter
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
product img

More Images

No Images

FAME MORINGA 300 ဒန့်သလွန်ရွက်ဆေး
8000Ks
In Stock

Description

ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်း

ဒန့်သလွန်ရွက်အမှုန့် ……… ၃၀၀ မီလီဂရမ်

ဆေးဖက်ဝင်အာနိသင်များ

ဒန့်သလွန်ရွက်၏ အာဟာရတန်ဖိုးများ

ဒန့်သလွန်ရွက်သည် အခြားသော အပင်မျိုးစိတ်များထက် အာဟာရဓာတ်များ စုံလင်ကြွယ်ဝသောကြောင့် အာဟာရဓာတ် ချို့တဲ့ခြင်းမှ ကာကွယ်ပေးရာတွင် များစွာအထောက်အကူပြုသည်။ လိမ္မော်သီးတွင် ပါဝင်သော ဗီတာမင်စီထက် ၇ ဆ၊ မုန်လာဥနီတွင် ပါဝင်သော ဗီတာမင်အေထက် ၁၀ ဆ၊ နို့တွင် ပါဝင်သော ကယ်ဆီယမ်ထက် ၁၇ ဆ၊ ဒိန်ချဉ်တွင် ပါဝင်သော ပရိုတင်းထက် ၉ ဆ၊ ငှက်ပျောသီးတွင် ပါဝင်သော ပိုတက်ဆီယမ်ထက် ၁၅ ဆ နှင့် ဟင်းနုနယ်တွင် ပါဝင်သော သံဓာတ်ထက် ၂၅ ဆ ပိုမိုပါဝင်ကြောင်း တွေ့ရပါသည်။ ထို့အပြင် ဖော့စရပ်၊ ကြေးနီ၊ ဗီတာမင်အီး၊ ဗီတာမင်ဘီဓာတ်များ၊ ဖောလစ်အက်ဆစ်၊ ဘီတာကယ်ရိုတင်းဓာတ်များနှင့် ခန္ဓာကိုယ်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်ဆစ် (၁၀) မျိုးလည်း များစွာပါဝင်ပါသည်။

သွေးတွင်းသကြားဓာတ်အပေါ် အကျိုးသက်ရောက်မှု

ဒန့်သလွန်ရွက်တွင် ပါဝင်သော terpenoid ဒြပ်ပေါင်းသည် ပန်ကရိယရှိ အင်ဆူလင်ထုတ်လုပ်ပေးသော β-cell များကို လှုံ့ဆော်ပေးခြင်းအားဖြင့် အင်ဆူလင်ထွက်ရှိမှုကို ပိုမိုအားကောင်းစေသည်။ ဤသို့ဖြင့် သွေးတွင်းရှိ သကြားဓာတ်များ လျော့နည်းသွားပါသည်။ သွေးတွင်းသကြားဓာတ်ပမာဏကို ၈.၉ ရာခိုင်နှုန်း နှင့် သွေးတွင်းရှိ မကောင်းသော အဆီဓာတ်များကို ၃၀.၉၄ ရာခိုင်နှုန်း အသီးသီးလျော့ကျစေပြီး မစင်နှင့်အတူ ခန္ဓာကိုယ်ပြင်ပသို့ ကိုလက်စထရော စွန့်ထုတ်ခြင်းကိုလည်း အားပေးကြောင်း လေ့လာတွေ့ရှိခဲ့ပါသည်။

သွေးပေါင်ချိန်အပေါ် အကျိုးသက်ရောက်မှု

ဒန့်သလွန်ရွက်တွင် ဆီးရွှင်စေသော ဒြပ်ပေါင်းများ၊ အဆီနှင့် သွေးဖိအားကျစေသော ဒြပ်ပေါင်းများ ပေါင်းစပ်ပါဝင်နေခြင်းကြောင့် သွေးတိုးကျစေရန် အထောက်အကူပေးပါသည်။

ရရှိနိုင်သော အကျိုးကျေးဇူးများ

◆ အာဟာရဓာတ်ဖြည့်ပေးခြင်း

◆ သွေးတွင်းသကြားဓာတ် ပုံမှန်ဖြစ်အောင် ထိန်းညှိပေးခြင်း

◆ သွေးတိုးကျစေရန် အထောက်အကူပေးခြင်း

သုံးစွဲရန်ဆေးပမာဏ

၁၂ နှစ် နှင့် အထက် – တစ်ခါသောက် ဆေးတောင့် တစ်တောင့်မှ နှစ်တောင့်၊ တစ်နေ့ နှစ်ကြိမ် အစာနှင့်ခြား၍ သောက်ပါ။

ဘေးထွက်ဆိုးကျိုး

သတ်မှတ်ထားသော ပမာဏအတိုင်း သောက်သုံးပါက ကြီးမားသော ဘေးထွက်ဆိုးကျိုးမရှိပါ။

ထုပ်ပိုးပုံ

ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆၀) ပါဝင်ပါသည်။

Copyright © 2024 Ying Family Online Store. All Rights Reserved.