Cart
Filter
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
product img

More Images

No Images

FAME NATURE C သဘာဝစီ
8000Ks
Hurry Up, Only 2 items left

Description

ဆေးပြားတစ်ပြားတွင် ပါဝင်သောဆေးပစ္စည်း

ဆီးဖြူသီး …………. ၂၀၀ မီလီဂရမ်

ဗီတာမင်စီချို့တဲ့လျှင် သွေးအားနည်းခြင်း၊ အားအင်ချည့်နဲ့ခြင်း၊ သွားဖုံးမှ သွေးယိုခြင်းနှင့် အခြားသွေးထွက်လွန်ခြင်းတို့ကို ဖြစ်စေတတ်သည်။

FAME ဆေးဝါးထုတ်လုပ်ရေးမှ သဘာဝဗီတာမင်စီဖြစ်သည့် သဘာဝ-စီ ဖြည့်စွက်ဆေးတစ်မျိုးကို ဆီးဖြူသီးမှ ထုတ်လုပ်လိုက်ပါသည်။ ဆီးဖြူသီးမှရရှိသော ဗီတာမင်စီသည် tannin ဓာတ်များနှင့် ပူးပေါင်းနေသဖြင့် အစာအိမ်ကို ထိခိုက်စေခြင်းမရှိပါ။ ထို့အပြင် ဓာတုနည်းဖြင့် ထုတ်လုပ်ထားသော ဗီတာမင်စီထက် ခန္ဓာကိုယ် တွင်း၌ ပို၍ကြာရှည်စွာ တည်ရှိနေနိုင်ပါသည်။ ကျောက်ကပ်မှ ဖြည်းဖြည်းချင်း ပြန်လည်စွန့်ထုတ်သည့်အတွက် ဆီးလမ်းကြောင်းရှိ pH မပြောင်းလဲသဖြင့် ကျောက်တည်ခြင်းကိုလည်း မဖြစ်စေနိုင်ပါ။

ဗီတာမင်စီ၏ အကျိုးအာနိသင်များ

အအေးမိလက္ခဏာများကို သက်သာစေခြင်း။ လေ့လာတွေ့ရှိ ချက်များအရ ဗီတာမင်စီသည် အအေးမိခြင်းကို ကာကွယ်၊ ကုသခြင်း မလုပ်ပေးနိုင်သော်လည်း ဖြစ်ပွားချိန်ကို လျော့နည်းစေပါသည်။ သို့ဖြစ်၍ ဗီတာမင်စီကို သောက်သုံးခြင်းဖြင့် အအေးမိလက္ခဏာများကို သက်သာစေပါသည်။

အင်တီအောက်စီဒင့် ။ ဗီတာမင်စီသည် Network antioxidant အုပ်စုတွင်ပါဝင်ပြီး ကလာပ်စည်းအတွင်း လုံလောက်သော ပမာဏရှိနေပါက တိုက်ခိုက်လာမည့် radical များ၏ရန်မှ ကာကွယ်ပေးပါသည်။ ထို့အပြင် ခန္ဓာကိုယ်တွင် ဗီတာမင်အီးများ ကြာရှည်အလုပ်လုပ်နိုင်ရန် ဗီတာမင်စီမှ သွယ်ဝိုက်သောနည်းလမ်းဖြင့် ထောက်ကူပေးပါသည်။

တစ်သျှူးဖြစ်စဉ် ။ ဗီတာမင်စီသည် အရေပြားအပြင်လွှာကို ပံ့ပိုးထားသော တစ်သျှူးကိုဖြစ်စေသည့် collagen ထုတ်လုပ်ရေးတွင် မရှိမဖြစ်လိုအပ်သည်။

ရရှိနိုင်သော အကျိုးကျေးဇူးများ

ဗီတာမင်စီချို့တဲ့ရောဂါနှင့် အအေးမိလက္ခဏာများကို သက်သာစေရန်၊ အင်တီအောက်စီဒင့် ဖြည့်စွက်စာအဖြစ် သောက်သုံးနိုင်ရန်၊ ခုခံအားစနစ် ပိုမိုကောင်းမွန်စေရန်၊ အရေပြားပျက်စီးမှု နှေးကွေးစေရန်၊ အနာကျက်မြန်စေရန်။

သုံးစွဲရန်ဆေးပမာဏ

၅ နှစ် မှ ၁၂ နှစ် အထိ – တစ်ခါသောက် ဆေးတစ်ပြား၊

၁၂ နှစ် နှင့် အထက် – တစ်ခါသောက် ဆေးနှစ်ပြား၊ တစ်နေ့ နှစ်ကြိမ် လိုအပ်ပါက တိုး၍သောက်နိုင်သည်။

ဘေးထွက်ဆိုးကျိုး

သတ်မှတ်ထားသော ဆေးပမာဏအတိုင်း သောက်သုံးပါက ကြီးမားသော ဘေးထွက်ဆိုးကျိုး မရှိပါ။

ထုပ်ပိုးပုံ

ဆေးတစ်ဘူးလျှင် ဆေးပြား (၆၀) ပါဝင်ပါသည်။

Copyright © 2024 Ying Family Online Store. All Rights Reserved.