Cart
Filter
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
product img

More Images

No Images

FAME NATURE Q 10 နှလုံးဆေး
16000Ks
Hurry Up, Only 2 items left

Description

ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်း

ငါးမှရသော Coenzyme Q10 ………. ၃၀ မီလီဂရမ်

ဆေးဖက်ဝင်အာနိသင်များ

CoQ10 နှင့် နှလုံးရောဂါ ကာကွယ်ပေးခြင်း

သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်များအရ CoQ10 ကို ပုံမှန်သောက်သုံးခြင်းဖြင့် နှလုံးရောဂါဖြစ်ပွားနှုန်းကို လျော့ကျစေနိုင်ပြီး နှလုံးကြွက်သား သန်စွမ်းစေကြောင်း သိရှိရပါသည်။

CoQ10 နှင့် သွေးတိုးရောဂါ

CoQ10 သည် အင်တီအောက်စီဒင့် အာနိသင်ရှိပြီး သွေးကြောနံရံများကို ခိုင်ခံ့စေသည့်အတွက် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတိုးကျစေသည်။ သွေးတွင်းရှိ ကိုလက်စထရောများနေခြင်းကို လျှော့ချပေးခြင်းဖြင့် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးနိုင်သည်။

ရရှိနိုင်သောအကျိုးကျေးဇူးများ

◆ နှလုံးနှင့် သွေးကြော လုပ်ငန်းစဉ်များကို ကောင်းမွန်စွာလုပ်ဆောင်နိုင်စေခြင်း

◆ ခန္ဓာကိုယ်အတွက် လိုအပ်သောစွမ်းအင်များ ထုတ်လုပ်ရာတွင် အထောက်အကူပြုခြင်း

သုံးစွဲရန်ဆေးပမာဏ

လူကြီး – တစ်နေ့လျှင် ဆေးတစ်တောင့်မှ ငါးတောင့်အထိ အစာစားပြီး သောက်ပါ။

ဘေးထွက်ဆိုးကျိုးများ

အချို့သောသူများတွင် သွေးပေါင်ချိန်ကျခြင်းနှင့် ပျို့အန်ခြင်းတို့ဖြစ်နိုင်ပါသည်။

သတိပြုရန်

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ကျွမ်းကျင်သော သမားတော်နှင့် ပြသပြီးမှ အသုံးပြုပါ။

အခြားသောဆေးများနှင့်ဓာတ်ပြုမှု

ကိုလက်စထရောကို လျော့ကျစေသည့် Statin အုပ်စုဝင်ဆေးများသည် ခန္ဓာကိုယ်ထဲတွင် သဘာဝအလျောက်ရှိသော CoQ10 ပမာဏကို လျော့နည်းစေနိုင်သောကြောင့် ပြန်လည်ဖြည့်ဆည်းပေးရန် လိုအပ်ပါသည်။

ထုပ်ပိုးပုံ

ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆၀) ပါဝင်ပါသည်။

Copyright © 2024 Ying Family Online Store. All Rights Reserved.