Cart
Filter
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
product img

More Images

No Images

FAME NONICAP ရဲယိုဆေး 60'S
10000Ks
Hurry Up, Only 2 items left

Description

ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်းများ

ရဲယိုသီးအခြောက်မှုန့် …………… ၄၅၀ မီလီဂရမ်

ရှားစောင်းလက်ပပ်အမှုန့် ………. ၅၀ မီလီဂရမ်

ဆေးဖက်ဝင်ဒြပ်ပေါင်းများ

ရဲယိုသီးတွင် ပါဝင်သော proxeronine ဒြပ်ပေါင်းမှာ လူ့ခန္ဓာကိုယ်အတွင်း၌ xeronine ဟိုမုန်းအဖြစ် ပြောင်းလဲသွားပါသည်။ ၁၉၇၂ ခုနှစ် ဟာဝိုင်ရီတက္ကသိုလ်တွင် Dr. Ralph Heinicke ၏ သုတေသနပြုချက်များအရ xeronine ဟိုမုန်းသည် လူ၏ကလာပ်စည်းများပေါ်တွင် အကျိုးသက်ရောက်မှုရှိပြီး ခန္ဓာကိုယ်စွမ်းအင်များ တိုးတက်လာကြောင်း စတင်တွေ့ရှိခဲ့ပါသည်။

ခန္ဓာကိုယ်တွင်းဓာတ်ပြုခြင်း

လူ၏ ခန္ဓာကိုယ်နှင့် အူအတွင်း၌ proxeronine သည် proxeronase အင်ဇိုင်းနှင့် ဓာတ်ပြုခြင်းကြောင့် xeronine ဟိုမုန်းအဖြစ်သို့ ပြောင်းလဲသွားပါသည်။ ၎င်းအင်ဇိုင်းသည် xeronine နှင့် serotonin ဇီဝရုပ်တွင်း တည်ဆောက်မှုတွင် လိုအပ်သော အင်ဇိုင်းဖြစ်သည်။

ဆေးဖက်ဝင်အာနိသင်များ

◆ စိတ်ဖိစီးခြင်းနှင့် စိတ်ဓာတ်ကျခြင်းကို ကာကွယ်ပေးခြင်း

◆ အသက်ရှူလမ်းကြောင်းဆိုင်ရာ စစ်ရည်ဂလင်းများကို ပုံမှန်ဖြစ်စေခြင်း

◆ အကိုက်အခဲပျောက်ကင်းစေခြင်း

◆ ကိုယ်ခံစွမ်းအားတက်စေခြင်း

◆ မြစ်ပွားနာဖြစ်ခြင်းကို ကာကွယ်ပေးခြင်း

◆ ခန္ဓာကိုယ်တွင်းသွေးခဲမှုကို ကာကွယ်ပေးခြင်း

ရရှိနိုင်သောအကျိုးကျေးဇူးများ

ဆေးကို မှန်မှန်သုံးစွဲခြင်းဖြင့် ကိုယ်ခံစွမ်းအားတိုးစေခြင်း၊ နုပျိုလန်းဆန်းစေခြင်းနှင့် ရောဂါပိုးမွှားများဒဏ်မှ ကာကွယ်ပေးစေပါသည်။

သုံးစွဲရန်ဆေးပမာဏ

၂ နှစ် နှင့် အထက် – တစ်ခါသောက် ဆေးတစ်တောင့်မှ နှစ်တောင့်၊ တစ်နေ့ နှစ်ကြိမ် အစာမစားမီ နာရီဝက်ကြို၍ သောက်ပါ။

ဘေးထွက်ဆိုးကျိုး

သတ်မှတ်ထားသော ပမာဏအတိုင်း သောက်သုံးပါက ကြီးမားသော ဘေးထွက်ဆိုးကျိုးမရှိပါ။

ကြိုတင်သတိပြုရန်

ရဲယိုသီးတွင် potassium ဓာတ်ပြည့်ဝစွာ ပါဝင်သည့်အတွက် ရဲယိုဆေးသည် ကျောက်ကပ်ရောဂါရှိသူအချို့နှင့် မသင့်လျော်ပါ။

သတိပြုရန်

လက်ဖက်ရည်၊ ကော်ဖီနှင့် အရက်တွင် ပါဝင်သောပစ္စည်းသည် ဆေးတွင်ပါဝင်သော proxeronine အာနိသင်ကို လျော့ကျစေနိုင်သဖြင့် တွဲဖက်၍ မသောက်သင့်ပါ။

ခွဲစိတ်ရန်နှင့် သွားနုတ်ရန်ရှိသူများတွင် သွေးခဲမှုကို ကြန့်ကြာစေနိုင်သဖြင့် ဆေးသောက်ခြင်းကို နှစ်ပတ်ခန့်ကြို၍ ရှောင်ရန်လိုအပ်ပါသည်။

ထုပ်ပိုးပုံ

ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆၀) ပါဝင်ပါသည်။

Copyright © 2024 Ying Family Online Store. All Rights Reserved.