Cart
Filter
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
product img

More Images

No Images

FAME ROYAL JELLY ပျားနို့ဆေး
12000Ks
Hurry Up, Only 2 items left

Description

ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်း

ပျားနို့မှုန့် ……………. ၇၅ မီလီဂရမ်

ရွိုင်ရယ်ဂျယ်လီခေါ် ပျားနို့သည် ယခုအခါ ကမ္ဘာနှင့်အဝှမ်း ရေပန်းစားနှစ်သက်သော ပျားထွက်ပစ္စည်းတစ်မျိုး ဖြစ်ပါသည်။ ရွိုင်ရယ်ဂျယ်လီတွင် ပရိုတင်း (ခ) အမိုင်နိုအက်ဆစ်များ၊ ဗီတာမင်နှင့် သတ္တုဓာတ်များ၊ ဟိုမုန်းဓာတ်များ ပါဝင်ပါသည်။ လုပ်သားပျားဖြစ်မည့် သားလောင်းသည် ရွိုင်ရယ်ဂျယ်လီကို (၃) ရက်သာစားရ၍ ပျားဘုရင်မအဖြစ် တင်မြှောက်ခံရမည့် သားလောင်းသည် သားလောင်းဘဝတစ်လျှောက်လုံး ရွိုင်ရယ်ဂျယ်လီကို စားသောက်ရပါသည်။ ပျားဘုရင်မ၏ အရောင်အသွေးသည် ထူးခြားစွာလှပနေပြီး လုပ်သားပျားအလေးချိန်ထက် နှစ်ဆ ပိုမိုကြီးထွားပါသည်။ ထို့ပြင် လုပ်သားပျားတို့၏ သက်တမ်းသည် ၄၀ မှ ၆၀ ရက် အထိသာရှိသော်လည်း ပျားဘုရင်မသည် ၄-၅ နှစ် အထိ အသက်ရှည်ပါသည်။ တစ်ရက်လျှင် ပျားဥ (၂၀၀၀) ခန့် နေ့စဉ်ဥရသည့် အလုပ်ပါ လုပ်ကိုင်နေရသည့်ကြားမှ

ပိုမိုအသက်ရှင်နေနိုင်ခြင်းသည် ရွိုင်ရယ်ဂျယ်လီ၏ ဇီဝသတ္တိထူးကြောင့်ဖြစ်ကြောင်း ထင်ရှားနေပါသည်။

ထူးခြားသောအကျိုးအာနိသင်များ

◆ အာဟာရ ချို့တဲ့သူများ မှီဝဲရန် အထူးသင့်လျော်ပါသည်။

◆ စိတ်ရော၊ ကိုယ်ပါ ပင်ပန်းနွမ်းနယ်သူများ သောက်သုံးပါက အားအင်ပြည့်ဖြိုး၍ လန်းဆန်းစေသည်။

◆ အစာစားချင်စိတ်ကို လှုံ့ဆော်ပေးသည့်အတွက် စားမဝင် အိပ်မပျော် ခံတွင်းပျက်၍ နာတာရှည် ရောဂါခံစားနေရသူများ၊ ကြီးထွားမှုနှေးကွေးသော

ကလေးငယ်များကို တိုက်ကျွေးရန်အတွက် အထူးသင့်တော်ပါသည်။

◆ ကလေးငယ်များ မှတ်ဉာဏ်ထက်မြက်စေရန်နှင့် ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေရန်လည်း တိုက်ကျွေးနိုင်ပါသည်။

◆ အမျိုးသမီးများ ဓမ္မတာမလာမီ စိတ်လက်မအီမသာဖြစ်ခြင်း၊ ဓမ္မတာလာစဉ် နာကျင်ခြင်း၊ သွေးဆုံးကိုင်ခြင်းတို့မှလည်း ကာကွယ်ပေးပါသည်။

◆ အမျိုးသားများ မှန်မှန်မှီဝဲပါက ပန်းသေပန်းညှိုးရောဂါ ဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသည်။

◆ အသားအရေကိုလည်း စိုပြေလှပစေ၍ အရေးအကြောင်းများ ဖြစ်ပေါ်လာခြင်းကို ကာကွယ်ပေးသည်။

ရရှိနိုင်သောအကျိုးကျေးဇူးများ

အသားအရေကို စိုပြေလှပစေ၍ အရွယ်မတိုင်မီ အိုမင်းရင့်ရော်လာမှုကို ဟန့်တားပေးနိုင်ပါသည်။

သုံးစွဲရန်ဆေးပမာဏ

ကလေး – တစ်နေ့လျှင် ဆေးတစ်တောင့် အစာမစားမီ သောက်ပါ။

လူကြီး – တစ်ခါသောက် ဆေးတစ်တောင့်၊ တစ်နေ့ နှစ်ကြိမ် အစာမစားမီ သောက်ပါ။

ဘေးထွက်ဆိုးကျိုး

အချို့သောသူများတွင် ပျားနို့နှင့် ဓာတ်မတည့်ခြင်း ဖြစ်နိုင်ပါသည်။

သတိပြုရန်

ပန်းနာရင်ကျပ်ရှိသူများနှင့် ဆေးမတည့်တတ်သူများ ဆေးအနည်းငယ်မှ စတင်စမ်းသောက်ရန်။

အသုံးမပြုသင့်သောအခြေအနေ

ပျားထွက်ပစ္စည်းနှင့် ဓာတ်မတည့်သူများ မသောက်သုံးရပါ။

ထုပ်ပိုးပုံ

ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆၀) ပါဝင်ပါသည်။

Related Products

Copyright © 2024 Ying Family Online Store. All Rights Reserved.