Cart
Filter
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
product img

More Images

No Images

FAME SPIRUEMBLICA သဘာဝအားဆေး
8000Ks
Hurry Up, Only 1 items left

Description

ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်းများ

စိမ်းပြာရေညှိ ………… ၂၅၀ မီလီဂရမ်

ဆီးဖြူသီး ……………… ၂၅၀ မီလီဂရမ်

ဆေးဖက်ဝင်အာနိသင်များ

၁။ အာဟာရဓာတ်ဖြည့်ပေးခြင်း

စိမ်းပြာရေညှိ (စပီရူလိုင်းနား) သည် လူသားတို့အတွက် နေ့စဉ်လိုအပ်လျက်ရှိသော ပရိုတင်းဓာတ်၊ ကာဗိုဟိုက်ဒြိတ်၊ မရှိမဖြစ်လိုအပ်သော အဆီဓာတ်များ (GLA)၊ ဗီတာမင်များနှင့် သတ္တုဓာတ်များ စုံလင်စွာ ပါဝင်ပါသည်။ ထို့အပြင် antioxidant ခေါ် ဓာတ်တိုးဟန့်တားပစ္စည်းများဖြစ်သည့် ဘီတာကာရိုတင်း၊ ဗီတာမင်အီးနှင့် superoxide dismutase (SOD) အင်ဇိုင်းများလည်း ပါရှိပါသည်။ ၎င်းတွင်ပါဝင်သော (GLA) သည် သွေးထဲရှိ ကိုလက်စထရော မြင့်တက်နေခြင်းကို လျော့ကျစေပါသည်။ သို့ရာတွင် စိမ်းပြာရေညှိ၌ ဗီတာမင်စီဓာတ် ပါဝင်မှုမရှိကြောင်း သိရှိရပါသည်။ ဆီးဖြူသီးသည် ကမ္ဘာပေါ်တွင် သဘာဝဗီတာမင်စီဓာတ် အကြွယ်ဝဆုံးသော အသီးဖြစ်ပါသည်။ ထို့အပြင် tannins ဓာတ် ပါဝင်သောကြောင့် ဗီတာမင်စီအား ချေဖျက်ခြင်းမှ ကာကွယ်ပေးပြီး ၎င်း၏ လုပ်ငန်းဆောင်တာများကို ပိုမိုကောင်းမွန်စေပါသည်။ သုတေသန လေ့လာတွေ့ရှိချက်များအရ ဆီးဖြူသီးတွင် ပါဝင်သော သဘာဝဗီတာမင်စီ ၈.၇ မီလီဂရမ်သည် လူတို့ဖန်တီးပြုလုပ်မှုမှ ရရှိသော ဗီတာမင်စီ ၁၀၀ မီလီဂရမ်နှင့် ညီမျှသည်ကို တွေ့ရှိရပါသည်။ ဆီးဖြူသီး ၁ ဂရမ်တွင် SOD အင်ဇိုင်း ၅၀၀ ယူနစ် ပါဝင်ကြောင်းလည်း သိရှိရပါသည်။ ဆီးဖြူသီးသည် အစာအိမ်မှ စိမ်းပြာရေညှိ စုပ်ယူမှုကို အားကောင်းစေပြီး ၎င်း၏ လုပ်ငန်းဆောင်တာများကိုလည်း ပို၍အစွမ်းထက်စေပါသည်။

၂။ ဓာတ်တိုးဟန့်တားသတ္တိရှိခြင်း

သဘာဝအားဆေး တွင် သဘာဝဓာတ်တိုးဟန့်တား သတ္တိရှိသောပစ္စည်းများဖြစ်သည့် ဘီတာကာရိုတင်း၊ သဘာ၀ ဗီတာမင်စီ၊ ဗီတာမင်အီး၊ SOD အင်ဇိုင်း၊ ခရိုမီယမ်၊ ဇင့်နှင့် ဆီလီနီယမ်တို့ ပါဝင်ပါသည်။ ထို့ကြောင့် မြစ်ပွားနာရောဂါနှင့် အသက်ကြီးလျှင် ဖြစ်တတ်သည့် ယိုယွင်းပျက်စီးမှုများနှင့် အိုမင်းရင့်ရော်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပြီး အရွယ်တင်နုပျို အသက်ရှည်စေပါသည်။

၃။ ခန္ဓာကိုယ်ခုခံအားတက်စေခြင်း

စိမ်းပြာရေညှိတွင် ပါဝင်သော အပြာရောင်ခြယ်ဒြပ်ပေါင်း (Phycocyanin)၊ မရှိမဖြစ် အမိုင်နိုအက်ဆစ်များနှင့် ဆီးဖြူသီးတွင် ပါဝင်သော Phyllemblin တို့သည် သွေးဖြူဥနှင့် သွေးနီဥပမာဏကို တိုးတက်များပြားစေခြင်းဖြင့် ခန္ဓာကိုယ် ခုခံအားစနစ်ကို မြင့်တက်စေပါသည်။ ထို့အပြင် Phyllemblin သည် နှလုံးနှင့် ဦးနှောက်ကို အားကောင်းစေပြီး ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်ပိုး၊ မှိုများကို ဖျက်ဆီးနိုင်သော စွမ်းအင်လည်း ရှိပါသည်။

ရရှိနိုင်သောအကျိုးကျေးဇူးများ

◆ နေ့စဉ်လိုအပ်သော အာဟာရဓာတ်များ ဖြည့်စွက်ရန်အတွက် သဘာဝအားဆေးအဖြစ် သောက်သုံးနိုင်ပါသည်။ အထူးသဖြင့် သက်သတ်လွတ်စားသူများ၊

နာလန်ထလူနာများ၊ အသက်ကြီးသူများအတွက် ပိုမိုသင့်လျော်ပါသည်။

◆ ခန္ဓာကိုယ်ခုခံအားတက်စေပြီး ရောဂါပိုးမွှားများ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးပါသည်။

◆ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးသည့်အတွက် အသက်ရှည်၍ အရွယ်တင်နုပျိုစေရန်အတွက် နေ့စဉ် သောက်သုံးသင့်ပါသည်။

သုံးစွဲရန်ဆေးပမာဏ

၂ နှစ် နှင့် အထက် – တစ်ခါသောက် ဆေးတစ်တောင့်၊ တစ်နေ့ နှစ်ကြိမ် အစာစားပြီး သောက်ပါ။

ဘေးထွက်ဆိုးကျိုး

အချို့သောသူများတွင် စိမ်းပြာရေညှိနှင့် ဓာတ်မတည့်ခြင်း ဖြစ်နိုင်သည်မှလွဲ၍ ကြီးမားသော ဘေးထွက်ဆိုးကျိုးမရှိပါ။

ထုပ်ပိုးပုံ

ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆၀) ပါဝင်ပါသည်။

Copyright © 2024 Ying Family Online Store. All Rights Reserved.