Cart
Filter
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
product img

More Images

No Images

FAME SPIRUGARLIC အဆီကျရေညှိဆေး 60'S
12000Ks
In Stock

Description

ဆေးပြားတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်းများ

ကြက်သွန်ဖြူ အဆီအနှစ် …….. ၁၅၀ မီလီဂရမ်

သဘာဝစိမ်းပြာရေညှိ …………….. ၅၀ မီလီဂရမ်

ဆေးဖက်ဝင်အာနိသင်များ

ကြက်သွန်ဖြူ သည် လွန်ခဲ့သော ရှေးနှစ်ပေါင်းများစွာကတည်းက ဆေးဖက်ဝင်ကြောင်း သိရှိရပါသည်။ ကြက်သွန်ဖြူသည် သွေးတွင်းရှိ အဆီဓာတ်ကို ကျစေခြင်း၊ သွေးတိုးရောဂါကို သက်သာစေခြင်း စသည့် အကျိုးကျေးဇူးများ ရှိပါသည်။ ထို့ကြောင့် အရွယ်မတိုင်မီ နှလုံးရောဂါနှင့် လေဖြတ်ရောဂါများကြောင့် သေဆုံးခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။ ယင်းကဲ့သို့ သွေးတွင်းရှိ မကောင်းသော အဆီကိုကျစေ၍ ကောင်းသောအဆီကို တက်စေခြင်းမှာ ကြက်သွန်ဖြူတွင် ပါဝင်သော အော်လီစင်ဟုခေါ်သည့် ဆေးဖက်ဝင်ဓာတ်ပစ္စည်းကြောင့် ဖြစ်ပါသည်။

စိမ်းပြာရေညှိ တွင် လူသားတို့အတွက် နေ့စဉ် လိုအပ်လျက်ရှိသော အဖိုးတန်အာဟာရဓာတ်များဖြစ်သည့် ပရိုတင်းဓာတ်၊ ကာဗိုဟိုက်ဒြိတ်၊ မရှိမဖြစ်လိုအပ်သော အဆီဓာတ်များ၊ ဗီတာမင်များနှင့် သတ္တုဓာတ်များ စုံလင်စွာ ပါဝင်သောကြောင့် ကျန်းမာရေးအတွက် အထူးပင်ကောင်းမွန်ပါသည်။ စိမ်းပြာရေညှိသည်လည်း သွေးတွင်းရှိ မကောင်းသောအဆီကို ကျစေ၍ ကောင်းသောအဆီကို တက်စေသော အစွမ်းအာနိသင်ရှိပါသည်။

သုံးစွဲနိုင်သောရောဂါများ

◆ သွေးတွင်း၌ ကိုလက်စထရောဓာတ် များနေသူများ

◆ သွေးတိုးရောဂါရှိသူများ

◆ နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ရန်

◆ အဝလွန်သူများ

သုံးစွဲရန်ဆေးပမာဏ

သွေးတွင်းရှိ အဆီဓာတ်သာများပြီး မဝသူများအတွက် တစ်ကြိမ်လျှင် ဆေးပြားတောင့် တစ်တောင့်၊ တစ်နေ့နှစ်ကြိမ် အစာမစားမီသောက်ပါ။ အဝလွန်သူများတွင် တစ်ကြိမ်လျှင် ဆေးပြားတောင့်နှစ်တောင့် တစ်နေ့နှစ်ကြိမ် သောက်နိုင်ပါသည်။

ဘေးထွက်ဆိုးကျိုး

ဓာတ်မတည့်ခြင်းဖြစ်ပါက ဆက်မသောက်သင့်ပါ။

ထုပ်ပိုးပုံ

ဆေးတစ်ဘူးလျှင် ဆေးပြားတောင့်(၆၀)ပါဝင်ပါသည်။

Copyright © 2024 Ying Family Online Store. All Rights Reserved.