Cart
Filter
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
Shopping Cart
No products in the cart.
product img

More Images

No Images

FAME TOMATEC ခရမ်းချဉ်သီးဆေး
16000Ks
Hurry Up, Only 3 items left

Description

ဆေးပြားတစ်ပြားတွင် ပါဝင်သောဆေးပစ္စည်း

ခရမ်းချဉ်သီး အဆီအနှစ်မှရသော လိုက်ကိုပင်း ………… ၁၀ မီလီဂရမ်

အကျိုးအာနိသင်နှင့် သုံးစွဲနိုင်သောရောဂါများ

၁။ ဆီးကျိတ်မြစ်ပွားနာရောဂါအတွက် ကြိုတင်ကာကွယ်ခြင်းနှင့် ကုသပေးခြင်း

နိုင်ငံတကာ သုတေသနစာတမ်း (၅၇) စောင်တွင် တင်ပြချက်များအရ ခရမ်းချဉ်သီးစားသုံးမှု သို့မဟုတ် သွေးတွင်း လိုက်ကိုပင်းရှိမှုနှင့် မြစ်ပွားနာရောဂါတို့ ဆက်နွယ်မှု ပြောင်းပြန်အချိုးရှိကြောင်း ခိုင်ခိုင်လုံလုံ သိရှိခဲ့ကြပါသည်။ လိုက်ကိုပင်း၏ antioxidant အာနိသင်နှင့် ကလာပ်စည်းပွားမှုကို ဟန့်တားနိုင်သည့် အာနိသင်တို့ကြောင့် ဆီးကျိတ်မြစ်ပွားနာရောဂါ ဖြစ်ပေါ်ခြင်းကို လျော့နည်းစေပါသည်။

၂။ အိတ်စ်ရောဂါတွင် ကိုယ်ခံအားကို မြင့်တက်စေခြင်း

ခန္ဓာကိုယ်၏ ခုခံအားစနစ်ကောင်းမွန်စေရန် carotenoid မှာ မရှိမဖြစ် လိုအပ်ပါသည်။ ပြင်သစ်နိုင်ငံရှိ ပါပင်ဆေးရုံကြီးတွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါဝေဒနာရှင်များအား လိုက်ကိုပင်းအပါအဝင် အာဟာရဒြပ်ပေါင်းများ တိုင်းထွာ၍ အိတ်စ်ရောဂါနှင့် ဆက်နွယ်မှုရှိပုံကို သုတေသနပြုခဲ့ကြပါသည်။ သွေးတွင်း လိုက်ကိုပင်းပါဝင်မှု မြင့်မားလျှင် အိတ်စ်ရောဂါလက္ခဏာများ ဖြစ်ပေါ်ခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း သုတေသနပြုစမ်းသပ် တွေ့ရှိခဲ့ကြပါသည်။

၃။ အရေပြားထိခိုက်ပျက်စီးမှု အမျိုးမျိုးကို ကာကွယ်နိုင်ခြင်း

လိုက်ကိုပင်းနှင့် ဘီတာကယ်ရိုတင်းတို့သည် လူ့ခန္ဓာကိုယ် အရေပြားတွင်ရှိသည့် ကယ်ရိုတီနွိုက်ဒြပ်ပေါင်းများ ဖြစ်ပါသည်။ Free radicals များနှင့် ပုံမှန်ဇီဝဖြစ်စဉ်မှရရှိသည့် အောက်စီဂျင် တစ်လုံးချင်းတို့ကို ပူးပေါင်းနိုင်ခြင်းကြောင့် လိုက်ကိုပင်းသည် အစွမ်းထက်သော antioxidant ဖြစ်လာရပေသည်။ သို့ဖြစ်၍ အရေပြားအပိန့်ထွက်ခြင်း၊ နေလောင်ခြင်း၊ အရေပြားအရောင် ပြောင်းလဲခြင်း၊ အရေပြားအရစ်ပေါ်ခြင်းနှင့် အရေပြားမြစ်ပွားနာဖြစ်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါသည်။

သုံးစွဲရန်ဆေးပမာဏ – ၂ နှစ် နှင့် အထက်

ကာကွယ်ရန် – တစ်ခါသောက် ဆေးတစ်ပြား၊ တစ်နေ့ တစ်ကြိမ် နေ့စဉ်သောက်ပါ။

ကုသရန် – တစ်ခါသောက် ဆေးတစ်ပြား၊ တစ်နေ့ နှစ်ကြိမ် နေ့စဉ်သောက်ပါ။

ရေနွေး၊ ရေနွေးကြမ်း၊ လက်ဖက်ရည် ပူပူ နွေးနွေးတို့နှင့် တွဲဖက်သောက်သုံးလျှင် ပိုမိုသင့်လျော်ပါသည်။

ဘေးထွက်ဆိုးကျိုး

သတ်မှတ်ထားသော ပမာဏအတိုင်း သောက်သုံးပါက ကြီးမားသော ဘေးထွက်ဆိုးကျိုးမရှိပါ။ သို့သော် ပမာဏအများအပြားကို ရေရှည်သောက်သုံးပါက အရေပြားအနီရောင်သန်းခြင်းမျိုး ဖြစ်နိုင်ပါသည်။

သတိပြုရန်

ထားသိုစဉ်အတွင်း လိုက်ကိုပင်းဒြပ်ပေါင်းများ ပျက်စီးမှုမရှိစေရန်နှင့် အာနိသင်ကောင်းမွန်စေရန် ဆေးဘူးဖွင့်ပြီး တစ်လအတွင်း အသုံးပြုသင့်သည်။

အခြားသောဆေးများနှင့် တွဲဖက်သုံးစွဲခြင်း

ဗီတာမင်စီ (သဘာဝ-စီ)၊ ဗီတာမင်အီး၊ ဘီတာကယ်ရိုတင်းနှင့် ဆီလီနီယမ်စသည့် အခြားသော antioxidant များ၊ ဆေးထန်းပင် (ဆီးကျိတ်ရောဂါဆေး) နှင့် တွဲဖက်သောက်သုံးလျှင် ပို၍ အာနိသင် ထက်မြက်နိုင်ပါသည်။

ထုပ်ပိုးပုံ

ဆေးတစ်ဘူးလျှင် ဆေးပြား (၆၀) ပါဝင်ပါသည်။

Copyright © 2024 Ying Family Online Store. All Rights Reserved.